Thursday, June 17, 2010





Coming Sunday , third sunday of June is Father's Day ...

So , I would like to greet and wish you all
" HAPPY FATHER'S DAY "



May God bless and keep in peace all your fathers ...
and all your fathers will show Love the best to you ....




As for me ....,

*A Thor* who was hated by GOD … *Abashalon* who revolted to King David …. *Jonathan* who was accursed as honey bee …. I feel mercy upon all them .. at the same time, I feel proud for them in my soul.They stood on contemptuous conditions but they were loved much by their Fathers …. I hated upon my father for a long time and didnt speak each to each ... My father also didn’t show how he loved me … but I can feel his love coz of them . We didn't say each to each I love you .. He passed away over ten years ready ...... but surely *Father's Day with Father* ...





After passing day by day , I am ready to say to him about " I love you,A Par" but it's so late for me ...
I feel disappointed that ..... why this word cant come out from my mouth ....
I remember his latest tears ..... His tears made me sadness till this time ......






I wish deeply that you all give the best to your Fathers ........


Tkz and best reg
Lwin Oo

Monday, December 28, 2009


KBCS မှာသောင်တင်နေတဲ့ K.Force တွေနဲ့ မိတ်ဆက်ပေးမဲ့ အစီအစဉ် ဖြစ်ပါတယ် .........။ ပထမဆုံး ရွေးချယ်ထားသူကတော့ သောသော ပါ ..။ သူမ၏ ပုံများမှာ ... ဆောရီး သူ ၏ပုံများမှာ မှတ်တမ်းတင်လောက်အောင် စံချိန်မမှီသော်လည်း ကင်မရာ ရှေ့ တိုင်းမှာ ဒင်းက ရှိနေတတ်သောကြောင့် ဒင်း၏ပုံများမှာ အင်တန်များပြားနေပြီး အရေတွက်အားဖြင့် စံချိန်မှီလေသဖြင့် ပထမဆုံး ပွဲထုတ်လိုက်သည် ...။

သောသောတို့ ကတော့ မမတွေ မြင်ရင် မနေနိုင် ပြေးပြေးကပ်လိုက်တာပါပဲ .... မမတွေကလည်း ပြုံးလို့  ရွှင်လို့  ...။



ဒီတခါ သူနဲ့အတူတွေ့ ရသူကတော့ သွားတက်လေးနဲ့ အရမ်းထက်မြတ်တဲ့ ဆရာမ
ဝင်ဆန်းပေါလ် ... ပိန်ပိန်ပါးပါးလေးပေမဲ့ KBCS အတွက် Carol Singing ကို အောင်မြင်စွာ ဦးဆောင်နေတဲ့ တီးဝိုင်းခေါင်းဆောင် ဖြစ်ပါသည် ( ခေါင်းဆောင်ပီသ ချက်က တထိုင်တည်းစားလို့ မဟန်ရင် ပါဆယ်သယ်တယ် ... အချိုရည်ဗူးကအစ မကျန်စေရဘူး :P )



ဒါလည်း မမတော့ မမပဲ ... သို့ ပေငြား သူက လူဆိုးမ

Tuesday, July 28, 2009

စကားတစ်ခွန်း = မြားတစ်စင်း

နေသာတဲ့နေ့  ကိုယ့်လမ်းကို ကိုယ်ချလျှောက်မယ် ...
တာရာမင်းဝေက အဲလို ပြောခဲ့တယ် ...။
ကိုယ်သိပ်မှားတယ်၊ ကိုယ်သိပ်မိုက်တယ် ... အခုတော့ မင်းသိပ်ချစ်မှန်းသိနေပါပြီ ....
ဗဒင်လည်း အဲလိုဆိုညည်းပြီး ....
အခုချိန်မှာ ငါ့ရင်ထဲမှာ စကားလုံးတွေနဲ့ ဗြောင်းဆန်နေပါတယ် ...
ဖွင့်အန်ပီးနေ၀င်ရမယ်ဆိုရင် ဒီစကားတွေ မင်းကို မပြောတော့ဘူး ...
တိတ်တိတ်လေးရေးပြီး ဖျက်ဆီးလိုက်မယ် ..
ငါ့စကားအတွက် မင်း မခံစားနေခဲ့စေချင်တဲ့
စေတနာ သက်သက်ပါ ...။
....
...
..
ကောင်မလေးရေ
ကောင်းကင်ပြိုမဲ့စကား မင်းနဲ့ ဝေးပါစေ ……. ။ :)

Wednesday, July 22, 2009

စိတ်ကွယ်ရာ မျက်ရည်

အချစ်ဆိုတာ ...
ငါအတွက်တော့ အရွယ်မတိုင်မှီကတည်းက
သင်းသတ်ခံလိုက်ရတဲ့ သတ်တ၀ါတစ်ကောင်လိုပါပဲ " လို့ 
အကြိမ်ကြိမ် ရေရွှတ်ခဲ့ပေမဲ့ ....
တကြိမ်တခါ လေးတော့
ပထမဆုံးနဲ့ နောက်ဆုံးဖြစ်ဖြစ် ....
ကြုံပါရစေ ..
ရင်ခြင်းအပ်လို့ ချစ်ခွင့်မရှိရင်တောင် ...
တိုးတိတ်ရင်ခုန်နေဦးမယ် ...။

လွင်ဦး

Tuesday, April 28, 2009

A apple ပန်းသီးဟာ လူလေးစားစရာ .. !!!


နှစ်တစ်နှစ်ရဲ့  မေလ ဒုတိယပတ် တနင်္ဂနွေနေ့ ကို မိခင်များနေ့ အဖြစ် ဂုဏ်ပြုပွဲကျင်းပစမြဲ ……။
ကျန်ခဲ့တဲ့ ရက်သတ်တပတ်အနည်းငယ်က ကျွန်တော်ရဲ့ ပေစုတ်စုတ်လက်ကိုင်ဖုန်းလေးထဲ မက်ဆေ့ခ်ျ တစ်ခု ၀င်လာသည် ..။
M=motivate , O = onlyone , T = truelove , H=heartiest , E = exceptional , R = responsible . LOVE your mother forward this sms to 10 friends.Your mother will have a long life.
ဒါလေးဖြန့် ဝေလို့  ကျွန်တော်တို့ ရဲ့ အမေ အသက်ပိုရှည်မယ်ဆိုတာ ဟုတ်ချင်မှ ဟုတ်မယ် ..။ ဒါမဖတ်ရလည်း အားလုံးရဲ့ ရင်ထဲမှာ အမေ ဆိုတာ ရှိစမြဲ ..။ ဒါဖြင့် ဒါမျိုးဖြန့် ဝေခြင်းက အကျိုးမဲ့ လုပ်ရပ်လေလား ..။ မဟုတ်ပါ ..။ တခါတခါ သိပြီးသားကိတ်စတွေကို ပိုရ်ျအသက်ဝင် ကြွတက်လာအောင် လှုံဆော်မှုလေးများလုပ်ဆောင်ပေးခြင်းဖြင့် လောကကိုအလှဆင်ခြင်းလို့  ယူဆမိသည် ..။
အမေ တွေရဲ့  ဂုဏ်ဝိသေသကို ညွှန်းဖွဲ့ ပြီး ထွေထွေထူးထူး စကားအလှဆင် မပြောလို့ တော့ပါဘူး …။ ဒါပေမဲ့ ကျွန်တော့်အမေ အကြောင်းကိုတော့ ပြောပါစေ …..။ ရင်ထဲမှာ ၀ိညာဉ်မီးတွေလောင်မြိုက်သလို စိတ်တွေလှုပ်ရှားနေမှဖြင့် ဟောဒီပါးစပ် / ရေးလက်စ လက်တွေက ငြိမ်ငြိမ်လေး နေလို့  မရပါဘူး …။
ကျွန်တော့် အမေ နမ့် မေးလေ …..။
ခင်မင်သူတွေက ဒေါ်မေးလေ .. နမ့်ကြူကြူ … တဲ့။ ကျွန်တော်တို့ ကတော့ မိုးမိုးကြီး လို့ ပဲခေါ်သည် ..။
အမေ့ကို ပုသိမ်မရောက်ခင် ကန်ကြီးထောင့်မြို့ နယ် အပိုင်ထဲက ဆပ်ကွင်းရွာမှာ မွေးသတဲ့ …။ ဒုတိယမြောက် သမီးအကြီးဆုံး ..။ကျွန်တော့်အမေ ပညာ မတတ်ပါ ..။ အတန်းကျောင်းကို 4 တန်းအထိသာနေခဲ့ဖူးသည် ..။ အဖီး(အဘွား) က လင်ပစ်သွားလို့  အားကိုးရမလားဆိုပြီး နောက်အိမ်ထောင် ထူသည် ..။ မှန်းချက်နဲ့  နှမ်းထွက်မကိုက် ..။ခလေး နှစ်ယောက်သာ အဖတ်တင်ခဲ့သည် ..။ အဘွားက ရွာမှာ အကြော်ရောင်းပြီး ၀မ်းကြောင်းသည် ..။ မိုးမိုးကြီးလည်း လေးတန်းနဲ့ ကျောင်းထွက် အဘွားကို ကူရင်း အသက် 13 နှစ်ကစလို့  လယ်ထဲဆင်း … ကောက်ဆိုက် ပျိုးနှုတ် … အပေါ်နေကပူ အောက်ဘက် ခြေသလုံးရေမြုပ်နေပေမဲ့  … ရေပူတွေ ..။ တရွာလုံးက အမျိုးမကင်းသူခြည်းမို့  မိုးမိုးကြီးရဲ့ လုပ်ဖော်ကိုင်ဖက်များသည် သူမရဲ့ တ၀မ်းကွဲ /နှစ်ဝမ်းကွဲ ဆွေမျိုးနီးစပ်များသာ …..။ ထမင်းစားနားရင် ငပိရည်လန်ကျဲကို တို့ စရာနဲ့စားရပုံ ..၊ ကုလားအော်ငရုတ်တောင့်များပါရင် ညီအမတွေ လုရပုံ .. အဲလောက်တောင် ရှားပါးကြမ်းတမ်းတဲ့ ထမင်းဝိုင်းကို သူမက မနေ့တုန်းက ပုံစံနဲ့  ရယ်ကာမောကာ ပြောလို့ မဆုံးနိုင်ဘူး ။မိုးမိုးကြီးရဲ့ ညီမကို ပုသိမ်မှာ ဘော်ဒါဆောင်ထားပြီး 10တန်းကိုတက်စေခဲ့သည် ..။ဘကြီး က ထိုအချိန်က အင်တန်ဆိုးပေရ်ျ မိုးမိုးကြီးသာ အဖီးအတွက် အထောက်ကူသက်သက်ပါပဲ ..။မောင်နှမ ငါးယောက် ..။အဖေတူ 3 ယောက်/ အဖေမတူ နှစ်ယောက် …။မပြောလျှင်မသိလောက်အောင် အရင်းတွေလို ယနေ့ ထိချစ်ကြသည်..။
မိုးမိုးကြီးရဲ့  အပျိုဘ၀က သိပ်ကဗျာမဆန် …။ပိုးပန်းသူမရှိ .. အလှပြင်ဖို့ အခြေအနေလည်းမပေးနဲ့ အဖီးနဲ့မောင်နှမတွေအတွက် နဲ့သာ အချိန်ကုန်ခဲ့သည်..။ အသက် 27 နှစ်တွင် ရန်ကုန်ရှိညီမ ဆီအလည်လာရင်း ပါပါကြီးနှင့် တွေ့ သည် …။ ချစ်သည် ကြိုက်သည် ဘာမှမပြောဖြစ်ပါဘဲ ခုမြင် ခုယူလိုက်သည် .. ။ မောနေပြီလေ …..။ မိသားစုအတွက် သူ့ ဘ၀ရဲ့  ကလေးဘ၀ ၊ ဆယ်ကျော်သက်တွေကို ချွေးတွေနဲ့ ပဲ အချိန်ကုန်ခဲ့တာ ..။ တပ်ကြပ်ကြီးတစ်ယောက်ကောက်ရလိုက်လို့  သူ့ ဘ၀ အရောင်မထွက်သည့်တိုင် မောနေသူအတွက်တော့ အရိပ်လေးဖြစ်တန်ကောင်းရဲ့  …။
ဘာသာခြား /လူမျိုးခြား ပါပါကြီးနဲ့ အိမ်ထောင်ပြုပြီး သျှောင်နောက်ဆံထုံးပါခဲ့သည် …..။ ပါပါကြီး မြစ်ကြီးနားမှ စစ်ကိုင်းသို့ ပြောင်းပြီးသကာလ တူနှစ်ကိုယ်တိုင်းပြည်ကို စစ်ကိုင်းတိုင်း ရထောင်(ရွာထောင်) ရှိ စစ်လိုင်းခန်းထဲတွင် စတင်သည် …..။ ငြိမ်ငြိမ်မနေတတ်သည့် အမေက အိမ်မှာနေရင်း မုန့်ကြိတ်သည် ..။ တပ်တွင်းမှ မုန့် လုပ်စားမည့်သူများ ဆန်ကိုရေစိမ်ပြီး လာပို့ ပေးထားသည် …။မိုးမိုးကြီးက ကျောက်ဆုံထဲတွင်ထည့်ရ်ျ ခါးကိုနွဲ့  နေအောင် လက်လှည့်ကြိတ်ပြီး မုန့် ရည်ထုတ်ပေးသည် …။ အိမ်ထောင်ကျပေမဲ့ မိုးမိုးကြီး မနားခဲ့ပါဘူး …။ နားလို့ လည်း မရဘူးလေ .. သိတယ်မဟုတ်လား ခပ်ရိုးရိုး လင်ရဲ့ အစိုးရလခက အနာဂတ်အတွက် အာမခံချက်မှ မပေးနိုင်တာ ..။ ဒါတွေ သူမ မသိပါဘူး ..။ အဲလောက်လည်း တွေးချင်မှတွေးမည် …။ ကျန်းမာစဉ် ကိုယ်လက်နဲ့စိုက်တဲ့အသီးကို ခူးဆွတ်နိုင်ဖို့  ဥာဏ်မှီသလောက် ကို ချွေးအဖြစ်ပြောင်းခဲ့ပြန်သည်…..။
ကျွန်တော်က သားဦး ..။ ပထမဆုံး ကိုယ်ဝန်မို့  အဖီးရှိတဲ့ ရွာပြန်ပြီး ကလေးမွေးသည် …။ ဒုတိယမြောက်ညီမကို မန်းတလေး နန်းတွင်းဆေးရုံမှာ … တတိယ နဲ့  စတုတ်ထကို စစ်ကိုင်းမှာပဲမွေးသည် ..။… ခလေးတွေကို နှစ်နှစ်ခြား …စီ …။ ခလေးသုံးယောက်မွေးပြီး သူမရင်ထဲ စဉ်းစား စရာတွေ ဖြစ်လာသည် ..။ ရာသီဥတုက ပူ ..။ ကျန်းမာရေးတွေက တစ်ယောက်တမျိုး စီချူခြာ …။ဘာဝန်ဆောင်မှုမှ မပေးနိုင်တဲ့ ၀န်ထမ်းလိုင်းခန်းထဲမှာ … ရံဖန်ရခါ ညည့်နက်သန်းခေါင် ထဖြစ်ရင် အသက်တောင်မှီပါ့မလား … အမြဲဘုရားတနေရသည် ..။ ပါပါကြီးက ရှေ့ တန်းသွားရင် သူမတစ်ယောက်တည်း ခလေးသုံးယောက်နဲ့  ….။ တခြားမတွေးပါဘူး …….. ပညာရေး …….။ ဟုတ်တယ်လေ … သူမ ပညာမတတ်ဘူး ..။ တပ်ကစီစဉ်ပေးတဲ့မူကြို ဖယ်ရီပေါ်က ဆင်းလာရင် မိုးမိုးကြီး ဆီကို ပြေးလာရင် ဆိုနေကြ စာသားက …. “အေ အက်ပဲ ပန်းသီးဟာ လူလေး စားစရာ” … ၊ နေ့ စဓူဝ လူလေးပန်းသီးစားရကနေ ရှေ့ တက်မလာ ..။ပါပါကြီးရဲ့ ညီ ဦးလေးလူပျိုကြီးက အလည်လာရင်း ကျွန်တော့်ကို မြင်တော့ အမခလေးကျွန်တော့် ကို ပေးလိုက်ပါ …။စိန့်ပေါကျောင်းမှာထားပေးမယ် ..။ဒီခလေးဒီမှာနေလို့  ဘာမှဖြစ်လာမှမဟုတ်ဘူး ……။ စိန့်ပေါ … ဘာမှန်းတော့မသိဘူး … ဘာသာရေးဆရာတစ်ယောက်ပြောတဲ့ ကောင်းကင်ဘုံလောက်ကြီးလို့  သူမအတွေးထဲ ဆွဲသွင်းလိုက်လေသလား ……..။
လမ်းမှကောက်ရတဲ့ အကြွေစေ့လေးကို ကျွန်တော့်လက်ထဲမှာ တွေ့ လိုက်တော့ ပါပါကြီးမစူးစမ်း/မဆင်ခြင်လေသလား … တမင်စွဲမြဲစေချင်သလား … မပြောတတ်ပါ ….။ ကောက်ရတာပါ ပြောလည်းလက်မခံ … ခိုးလာတာပါဆိုပြီး ကျောကော့အောင်ရိုက်တာ … စစ်ခါးပတ်လေ ..။ အဲဒီကတည်းက မသိစိတ်မှာ စစ်သားတစ်ယောက်ရဲ့ လက်ထဲမှာ ဆင်ခြင်တုံတရားထက် ကြမ်းတမ်းမှုပဲရှိနေတယ် ခံစားခဲ့သိမြင်ခဲ့တယ်… ပါပါကြီးကို အရမ်းကြောက်သွားပြီး မျက်နှာတောင် မကြည့်ဝံ့တဲ့အချိန် ….။မိုးမိုးကြီးကိုသာ တကဘာထင်တဲအချိန် …။အသက်က 4 နှစ်ပြည့်ပြီးခါကာစ … ။အဆိုးထဲက အကောင်းပေါ့လေ ကျွန်တော်ခိုးဖို့  နေသာသာ … လမ်းမှာ ပိုက်ဆံမြင်ရင်တောင် မကောက်ဖြစ်တော့ဘူး ……. (ပိုင်ရှင်မဲ့ဒေါ်လာတစ်ထောင်တန်ဆိုရင်တော့ တမျိုးပေါ့နော် :P ) … အိမ်မက်တွေနဲ့  မိုးမိုးကြီးက သူ့ အသည်းကို လေလံတင်လိုက်သည် ..။ စကားတီတီတာတာနဲ့  အမေကိုချစ်တတ်လွန်းတဲ့ကျွန်တော်ကို သူများလက်ထဲအပ်လိုက်တော့ သူမရင်ထဲဘာတွေ ဖြစ်လေမလဲ ……………။သူမဆေးရုံတက်နေစဉ် ပါပါကြီးတားသည့်ကြားမှ ဆေးရုံကို လူအလစ်မှာ ကြောက်ကြောက်ရွံ့ရွ့ံလာတွေ့ ပြီး မျက်ရည်လေးကလယ်ကလယ်နဲ့  မပြန်ချင်လောက်အောင် အမေကို ချစ်တဲ့ကျွန်တော့်ကို သူတပါးလက်ထဲအပ်လိုက်ပြီး မိုင်ပေါင်းများစွာအဝေးမှာ ခွဲနေရမဲ့အဖြစ်က သူမရင်ကို စွဲစုတ်လိုက်တာပါပဲ …….။ ပြတ်သားမှု နဲ့ မျက်ရည်ကို စတေးလိုက်သည် …။ မိုးမိုးကြီး ယခင်က ကျတဲ့ချွေးစက်တွေအပြင် မျက်ရည်တွေပါတိုးလာခဲ့ပြီ …………..။
သိပ်မကြာခင် အချိန်မှာ ကျွန်တော့်ညီမကို ပါ အမေ့ဘက်က အဒေါ်တွေက ခေါ်မွေးပါရစေဆိုပြီး တောင်းဆိုလို့  ……. ရန်ကုန်ကို ကျွန်တော်ညီမထပ်ရောက်လာသည် … ညီမလေးအမေနဲ့ ခွဲလာတော့ သုံးနှစ်ပြည့်ပြီးခါစ …။တကယ်တမ်း ဦးလေအိမ် (ကန်တော်လေး တိုက်ခန်း)ထဲမှာပဲ သောင်တင်ရင်း အနားက မူကြိုတက် …ဦးလေးက အစား အကောင်းစားကို အန်ထွက်အောင်ကျွေးပေမဲ့ အနားမှာတခါမှ အချိန်ကြာကြာ မနေပေးနိုင်.. နောက်တော့ ရပ်ကွက်ကျောင်းလေးမှာ မူလတန်းစတက်ဖြစ်သည် …။စိန့်ပေါ ကတော့ စစ်ကိုင်းရဲ့  လိုင်းခန်းလေးမှာ ကျန်ခဲ့ပါပြီ ……။ အိမ်ရှိလူကုန် ဘယ်သူမှ မအားလို့ နီးနီးနားနား ရပ်ကွက်ကျောင်းတွင်သာ …။ ဦးလေး တိုက်ခန်းရောင်းပြီး မလေးရှားထွက်သွားတော့ အင်မတန်လက်သန်ပြောင်သော ပါပါကြီး ညီမအငယ်ဆုံး (ထိုစဉ်ကအပျို) လက်ထဲကျန်ခဲ့ပြန်သည် …။ မောင်နှမနှစ်ယောက်မခွဲပါရစေနဲ့ ဆိုလို့  ကျွန်တော်တို့  အကြီးနှစ်ယောက်အတူနေဖြစ်သည် …..။အရေးအခင်းဖြစ်တော့ ပထမတန်း ..။ 88 အရေးအခင်းပြီးသကာလ ပြန်လည်ထူထောင်ရေးနဲ့  ကင်းစောင့်တာဝန် (အရေးခင်းပြီးမှ ဘာတာဝန်မှန်းမယ်မယ်ရရတော့ မမှတ်မိတော့ဘူး) … ပါပါကြီး ရန်ကုန်သို့ တာဝန်နဲ့ ခဏရောက်လာလို့  တွေ့ဖြစ်သည် ..။ တကယ်တောင့်တတာ မိုးမိုးကြီးလေ ………..။
အန်တီလေးတစ်ယောက် ကျောင်းဆရာမတာဝန်ဖြင့် နယ်ထွက်သွားတော့ ပါပါကြီးရဲ့  ညီမအကြီး ဒေါ်ကြီးတို့ လင်မယားလက်ထဲရောက်ရပြန်သည် ..။ လက်ပြောင်းလက်လွှဲတွေကြား … အုပ်ထိန်းသူစနစ်အပြောင်းအလဲတွေကြားမှာ ကစဥ့်ကလျဲ ဖြစ်နေတာ မိုးမိုးကြီးသိပါလေစ …..။မုန့်စားကျောင်း လွှတ်ချိန် သူများမိဘတွေ ထမင်းလာကျွေးရင် ကိုယ်တွေးက ငေးရုံသက်သက် ..။ကျောင်းပို့ ကျောင်းကြိုလုပ်ပေးသည့်မိဘတွေကို မြင်လေတိုင်း အားမကျမိပါ …… သောက်ပိုတွေဟုသာမြင်မိသည် ..။မနာလိုစိတ်တွေက မသိစိတ်ကို တိုက်စားလိုက်တာ စာသင်ခန်းထဲ အပေါင်းသင်းမရှိဘဲ လူရာမ၀င်ခဲ့လေတိုင်း …………။ အဒေါ်လင်မယားက အစိုးရ အရှာရှိတွေ … အိမ်လုပ်ငန်းဖြစ်သည့်  ဘက်စ်ကား တစ်စီးနဲ့  အစားကောင်းကောင်းကျွေးဖို့  ကလွဲရင် ၀တ်ကြီးဝတ်ငယ် ပြုစုပေးဖို့ အချိန်မပေးနိုင် ..။ တင်းကြပ်သော ဒေါ်ကြီးရဲ့ စည်းကမ်းတွေအောက် မချိမဆန့် ဖြတ်သန်းရတိုင်း မိုးမိုးကြီးနဲ့  လွတ်လပ်မှုကို တိတ်တိတ်လေး တောင့်တမိတယ်………..။လွမ်းဆွတ်ခြင်းတွေ ရင်နဲ့ မဆန့် သောနေ့ ရက်များတွင် သူငယ်ချင်းအိမ်တွေ သွားရင် ဝေဒနာကို ပိုတိုးစေလို့  ကျောင်းနဲ့ အိမ်ကလွဲရင် ပတ်ဝန်းကျင်နဲ့အဆက်ပြတ်စေခဲ့သည် ..။ မောင်နှမနှစ်ယောက်တည်း သူငယ်ချင်းလို့ တမျိုးပိုမို သံယောဇဉ်တွယ်လာပြီး တလောကလုံးမှာ အားကိုးစရာစရာ မိခင် နေရာမှာ ဒေါ်ကြီးကိုသာ အစားထိုးမြင်ဖို့ ကြိုးစားရင်း ……….။ မသိစိတ်က တမ်းတမွတ်သိတ်မှုတွေ ဖြစ်မလာလေတိုင်း …… အပြစ်မြင်စရာတရားခံသည် မိုးမိုးကြီးပါပဲ ……..။ ကလေးကို ကလေးက ပြန်ထိန်းကျောင်းရင်း စိတ်ဓာတ်ရေးရာ ဆာငတ်မှုတွေရဲ့ နောက်မှာ မိခင်သည် မိန်းမရိုင်းကြီးအဖြစ် နှလုံးသားက မည်သူမျှသွေးမထိုးပါဘဲ နေရာယူလာခဲ့သည် ..။ သူမို့  ငါတို့ ကို စွန့်ပစ်ရက်လေခြင်းဆိုတဲ့ အတွေးတွေနဲ့  အားငယ်ဝမ်းနည်းမှုတွေနဲ့  နေ့ စဓူဝ အကုသိုလ်အမိုက်မီးလောင်မြိုက်လာတာ မိုးမိုးကြီးသိနိုင်မယ်မထင် …။
2တန်း လောက်တွင် ပါပါးကြီး တို့  အင်းတိုင်သို့ တာဝန်နှင့်ပြောင်းရွေ့ လာသည် …။သိပ်မကြာခင် လုပ်သက်ပင်စင် နှစ်သုံးဆယ် ပြည့်ရ်ျ ဘာအကျိုးခံစားခွင့်မှ မယ်မယ်ရရ မရရှိဘဲ စစ်တပ်ကို လွတ်လွတ်ကျွတ်ကျွတ် ကျောခိုင်းရင်း ရွှေပြည်သာမြို့ သစ်တွင် မြေကွက်လေးတစ်ကွက်ဝယ် ..။ မိုးမိုးကြီးရဲ့  နှစ်ပေါင်းများ တပဲတပြားစု မုတ်ကြိတ်ဆုံလေးမှ ချွေးစက်အချို့ ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည် ..။သူမသာ မကြိုးစားခဲ့လျှင် ပင်စင်စားမိသားစုအတွက် လမ်းပေါ်မှာ မတွေးရဲစရာ ….။ ငါးတန်းရောက်ချိန်မှစရ်ျ မောင်နှမ နှစ်ယောက်လုံး မိုးမိုးကြီးနှင့် တစ်နှစ်တခါ နွေရာသီကျောင်းပိတ်ရင် သွားတွေ့ ခွင့်ရသည် …။ကျောင်းပိတ်ရက်တွေ သိပ်မြန်လွန်းတယ်ဗျာ …။
ပြောရဦးမယ် ..။ စစ်ပင်စင်စား ဖခင်က ဘာစီးပွားရေးမှ မလုပ်တတ် … ရိုးလွန်းသောကြောင့် ဘာလုပ်လုပ် မအောင်မြင် .. သနားတတ်လို့ တဲ့လေ .. မိုးမိုးကြီး အနှစ်နှစ်လလ စုဆောင်းထားတဲ့ရွှေတိုရွှေစလေးတွေ သူတပါးလိမ်တာခံရတာပဲ အဖတ်တင်သည် ..။”နင်အနားယူပါ ငါတလှည့်ပြန်ရှာပါရစေ.. ဘာအလုပ်မှမလုပ်ဘဲသာ ငြိမ်ငြိမ်နေ” လို့ ပြောပြီး …….. မိုးမိုးကြီး ခေါင်းပေါ် ဈေးတောင်းရောက်လာသည် …။ အစပိုင်းမှာ ပဲပြုတ်/နံပြား/ဘိန်းမုန့် … ညည့်သုံးယံတယံပဲ အိပ်ပြီး … မိုးမလင်ခင်လမ်းမပေါ်ရောက်နေပြီ ….။တဲသာသာအိမ်လေးပေါ်မှာ ငါးဟင်းဆီပြန် + ချဉ်ရည်ဟင်းတခွက် +ငါးပိတို့ စရာ အလျှံပယ် …. ရပ်ကွက်ထဲမှာ ဆင်းရဲဆုံးပါပဲ … ဒါပေမဲ့ သူတပါးအိမ် ဆီတဇွန်း .. ဆားတပွင့် မချည်းငှားခဲ့ဖူးဘူး ဆိုပြီး သူမက မရှိမဲ့ ရှိမဲ့မာန်လေးနဲ့  တခါ တခါ လက်မထောင်လေသည် ..။
ကံကြမာအလှည့်အပြောင်းလို့ ပဲ ပြောလေမလား …..။ ကျွန်တော်ကိုးတန်းရောက်တော့ ဒေါ်ကြီးတို့  စီးပွားရေး ကုန်းကောက်စရာမရှိအောင် ကျဆင်းသွားသည် ..။ ရာထူးမရှိ..။လုပ်ငန်းလည်းပျက်…။အခြေအနေမဲ့သာသာ ဖြစ်သွားလို့  သားသမီးအရင်းလို ချစ်ခင်တွယ်တာနေသော ကျွန်တော်တို့  မောင်နှမ 2 ယောက်ကို မိုးမိုးကြီးဆီပြန်ပို့ ပေးကြသည် ……..။ဒေါ်ကြီးတို့ မိတ်ဆွေရဲ့ သား ကျူရှင်ဆရာ ထံတွင် နွေကြိုတက်ရင်း သြ၀ါဒ မှိုင်းမိပြီး 10တန်းကို ရွှေပြည်သာတွင် ဖြေရန် ကျွန်တော့် တောင်းဆိုမှုကြောင့်လည်း ဖြစ်သည် ။ကျွန်တော်တို့  ရောက်သွားချိန်တွင် ထရံကာ/ပျဉ်ခင်း/ သွပ်မိုး အိမ်လေးနှင့် လျှပ်စစ်မီးမရသေး … ရေတုံကင်လေးရှိသည် ..။(ကြုံလို့ ပြောတာ ကျွန်တော် 3-4 တန်းကတည်းက လျှောက်တဲ့ လျှပ်စစ်မီးက ကျွန်တော် 10တန်းထိ မရရှိသေးပါ) ..။
မနက်3နာရီ ခွဲလျှင် ရေနံဆီမီးခွက်လေး ထွန်းပြီး ပဲပြုတ်အိုးထနွှေးသည့် ..။ ဆေးပေါလိပ်ကို ရဲနေအောင်ဖွာရင်းဘာတွေ တွေးနေမလဲ ..။တွေးစရာထက် ဆွေးစရာပိုနေမှာအသေချာ …..။ သူမနှုတ်က ငါသိပ်မှားသွားပြီ …ဆိုတာကြားဖူးသည်…။ “အို … အဖရယ်သမီးအပြစ်တွေ ခွင့်လွှတ်ပါ … သမီးကိုသနားပါ …” နှုတ်ခမ်းလှုပ်ရုံဆုတောင်းသံတွေထဲမှာ ရံဖန်ရခါ ကြားလိုက်ရသည့် သူမရဲ့  ၀တ်ပြုဆုတောင်းသံ ..။ဘုရားဆုတောင်းပြီး သကာလ ကွမ်းအစ်ထဲမှ ကွမ်းကို ယာပြီး ပါးစောင်မှာငုံကာ ပဲပြုတ်တောင်းလေးခေါင်းရွက်ပြီး ဝေလင်းဝေလင်း (မိုးတော/နှင်းတော) ထဲတိုးဝင်ရင်း သူမရဲ့  ဆွဲဆွဲငင်ငင် အသံက တစစ ဝေးကွာ ……။
အစက မိုးမိုးကြီးနှင့်အတူပြန်နေရရင် စိတ်ချမ်းသာလိမ့်မည် ထင်ထားခဲ့သော်ငြား …….. ထင်တာတွေ ဖြစ်မလာ ..။ နှစ်ပေါင်းများစွာ ကွင်းကွာနေသည့်  မောင်နှမပေါက်စတွေ ချစ်ရမည့်အစား စိတ်ဝမ်းကွဲခြင်းဖြင့် နေ့ စဓူဝ စိတ်ပျက်ရသည် ..။ကျွန်တော်က အငယ်သုံးယောက်နှင့်အဆင်ပြေသရောင် ရှိပေမဲ့ ကျွန်တော်အထက်အောက်ညီမက မရ …။ စနေသမီးမို့  စိတ်ကြီးသည် ..။နာမည်က စိန်ပိုးတီ ..။ဒေါ်ကြီးအိမ်တွင် အငယ်ဆုံးမို့  သူက အငယ်နှစ်ယောက်ရဲ့  အထက်မှာ နေရာမယူတတ် ..။သူ့ ကို ထူးခြားအရေးပေးချစ်တာမျိုး သာ ဖြစ်စေချင်သည် ..။ငယ်စဉ်က ဒေါ်ကြီးတို့ နဲ့  နေစဉ် ဘာရယ်မဟုတ်တခါတရံ လူကြီးတွေ စိတ်အခန့် မသင့်လို ဆူပူတာမျိုးကြုံရလျှင် “အခုအိမ်ပေါ်ကဆင်း နင့်မိဘတွေဆီပြန်ကြ” ဆိုသည့်စကားကို ညီမက အသက်ဆတ်ဆတ်နာသည် ..။ မိဘအိမ်ရောက်ပြန်တော့ ပါပါကြီးက စိတ်ဆိုးစရာကြုံလျှင် “အငယ်တွေကို မညှာဘူး ဒီအတိုင်းဆို ငါတို့  နဲ့ဆက်မနေနဲ့ နင့်အဒေါ်တွေအိမ်ပြန်” ..။ ဘာရယ်မဟုတ် … နောက်တာပါ … မည်သို့ ပင်ဆိုစေကာပင် နုနယ်ပြီး အားငယ်နေခဲ့သူတွေကို တချို့  စကားလုံးတွေက အဆိပ်သင့်စေခဲ့သည် …..။မိဘအိမ်တွင် ပါပါကြီးနှင့် အငယ်တွေနှင့်သဟဇာတ မဖြစ်သော ကျွန်တော်တို့ နှစ်ယောက်အတွက် စာသင်ခန်း/ကျောင်းတွေမှာ အပျော်ကှိုရှာလာသည် …။ “မကျွေးနိုင်လို့  သူများလက်ထဲ ခွေးတွေ ကြောင်တွေပေးသလို ” ပေးရက်လေခြင်း လို့ စကားနာ တိုးတော့ အသားတွေတဆတ်ဆတ်တုန်နေရှာတဲ့ မိုးမိုးကြီးရဲ့ ကြေကွဲမှု မြင်တော့ စိတ်မကောင်းဖြစ်မိခဲ့တယ် … ။ အဲဒီစကားနောက်ဘယ်တော့မှ မပြော တော့ဘူးလို့  ဘာသာဆုံးဖြတ်ခဲ့တယ် …။
ကျွန်တော့်ညီမ စိန်ပိုးတီက မောင်နှမတွေထဲမှာ အလှဆုံး ..၊ အာရပ်သွေး နဲ့  ပိုးကရင်သွေး ရောသူမို့  တမျိုးထူးသည် .. ။ထူးထူးခြားခြား မဟာနဖူးနှင့်မို့  ယဉ်ယဉ်လေးဝတ်ရင် နန်းဆန်ပြီး … ခေတ်ဆန်ဆန်ဝတ်လျှင် လတ်ဆတ်နုပျိုတဲ့အလှနှင့် ပြည့်စုံလေသူ … ချစ်သူခင်သူ တွေနဲ့ အထိန်းရခက်စဉ် မိသားစု အပြင်မှာ အပျော်ကိုရှာလေတော့ မိုးမိုးကြီးရင်ထဲ မီးတွေ ဘယ်လောက်တောင် လောင်နေရှာမလဲ …….။ ခက်တာက မိုးမိုးကြီး စာမတတ်/တောသူတောင်သား လက်တွေ့ ရိုးရိုးကြီးမို့  စာတွေ/အလိမ်မာတွေ နဲ့  ဖွဲ့ နွဲ့ ချော့ကလူ မပြောတတ် ။ ဘ၀က တသက်လုံးကြမ်းလာလေတော့ အနုအလှတွေနဲ့  စကားမဆင်တတ် ……..။ ကျွန်တော် ဆယ်တန်းအောင်ပြီး နယ်တွင် GTI သွားတက်သည့်  ပထမနှစ်မှာ ပါပါကြီး ဆုံးသည် ..။ မိုးမိုးကြီး ထံမှ မျက်ရည်တစက်မှ ကျတာကို မမြင်မိပါ ………။ တည်တည်ငြိမ်ငြိမ်နှင့်  ဈာပန ကိတ်စအားလုံးကို တာဝန်ယူပြီး အားလုံးကို အခြေမပျက်အောင် ထိန်းသွားသည် ..။ပထမနှစ်ကျောင်းသား တစ်ယောက် ……၊ ဆယ်တန်းကျောင်းသူ နှစ်ယောက် …..။ ရှစ်တန်းကျောင်းသားတစ်ယောက် … ။အိမ်စရိတ် အားလုံးကို ခက်ယဉ်းတဲ့ ခေတ်ကာလမှာ ရုန်းဖို့ တွေး၇င် ပြိုလဲသွားနိုင်သည် …..။ ဒါပေမဲ့  မိုးမိုးကြီးက မပြိုလဲခဲ့ပါ ….။ နေ့လည်ခင်း ပွဲရုံသွားကာ ဆန်မှာသည် …။ ဆန်ရောက်လျွှင် … စက်ရုံသမားများ ကို လပေး (လက်ပြောင်း)ရောင်းသည် …။ မနက်ဈေးရောင်း .. နေ့ လည် ဆန်လပေး .. ညဘက်ပဲပြုတ် …. အတန်းကြီးတွေမို့  အိမ်အလုပ်လည်း မယ်မယ်ရရ မကူနိုင် သူမတစ်ယောက်တည်းသာ …..။ ညီမ နှစ်ယောက် ဆယ်တန်းကို တစ်နှစ်တည်း အောင်သည် ……။ ဂုဏ်ထူးတန်းပြီး လျှင် မာစတာမှတဆင် ကျူတာ ဖြစ်အောင် ကြိုးစားမည် ရည်ရွယ်ချက်ဖြင့် တက်ကသိုလ် ကို Day တက်ကြသည် …….။ ကျွန်တော်က အိမ်မှာဘာဖြစ်သည်မသိပါ ….။ နယ်မှာပျော်လို့  ..။ ငွေကြေး အရမ်းမလျှံပယ်ပေမဲ့ သူများတန်းတူ ကျောင်းတက်ခွင့် ရသည် ..။
မိုးမိုးကြီး အတွက် သားသမီးတွေက တစ်ယောက်တမျိုး ဆိုးကြသည် …..။ ကျွန်တော် နောက်ဆုံးနှစ်ကျသည် ………။ ထိုနှစ်မှာ စနေသမီး လင်ယူသည် ….။ မောင်နှမတွေ အဆင်မပြေရာက အိမ်တွင်း အဆင်မပြေလို့  သူမစိတ်ချမ်းသာရာရွေးသွားသည် ……။ ကျွန်တော့်အသည်းတွေ ဟက်တက်ကွဲတာပါပဲ ……။ နှမြောလိုက်တာ မပြောပါနဲ့  ….။ ကျွန်တော့်နှမကို ကလေးလေး တစ်ယောက်လို ပဲ မြင်ခဲ့တာ ……။ ကျွန်တော့်မျက်ရည်တွေ လူမသိသူမသိ တတောက်တောက်ကျခဲ့လေမှဖြင့် မွေးသမိခင်ဆိုလျှင် ……. ဘယ်သို့ ရှိပေစွ ……..။ အဆိုးထဲက အကောင်းလို့ ဆိုရမလား … ကျွန်တော့် အိမ်တွင်ပြန်ကြမ်းမိသည် ……။ အငယ်နှစ်ယောက်ကို ကြမ်းကြမ်းတမ်းတမ်း မပြောဖူးလေတော့ သူတို့ အတော်လန့် သွားသည် ..။ မိုးမိုးကြီးလည်း ဘာမှ ၀င်မပြော …..။ ကျွန်တော့်ညီမကို အိမ်ခွဲတော့ မှာလိုက်တယ် …….. “သူများလက်နဲ့ တောင် အရွယ်မခံပါနဲ့ … ခလေး တွေချီလို့ မနိုင်လို့  လှည်းတစီးတိုက်တွန်းလာရပါစေ …. ဒီအိမ်ပေါ်ရောက်ရင် နင်က ငါတို့ မျက်စိအောက် အပျိုပဲ… အဆင်မပြေရင် အချိန်မရွေးပြန်လာခဲ့” လို့ မှာလိုက်တယ် ….။ အဆိုးထဲက အကောင်းလို့ ဆိုရမလားပဲ ……..။ တကယ်တော့ ကျွန်တော်တို့ အားလုံးရဲ့ မသိစိတ်မှာ အချစ်တွေက အခိုင်အမာရှိပြီးသား …..။ စိန်ပိုးတီ ရဲ အိမ်ထောင်ပြုသွားတော့ အငယ်ကောင် အမတွေကို မရိုင်းတော့ဘူး … သူမျက်နှာအမြဲ နှမြောနေတဲ့ အရိပ်အရောင် … သူ့ ကြောင့်ဆိုတဲ့ နောင်တတွေ အထင်းသားမြင်နေရတယ် ……။ မိုးမိုးကြီးက သားသမီးတွေကို ဆုံးမတဲ့နေရာမှာ တုတ် မသုံးခဲ့ဘူး … လေပြေနဲ့ ပဲ … ပြောတယ် .. အရမ်းစိတ်ဆိုးမှကြမ်းတယ် …။နောက်ပိုင်း ဘုရားပဲ အသားကုန်ရှိခိုးတော့တာပါပဲ ……..။
ကျွန်တော်က GTI ပြီးတော့ အလုပ်လုပ်ရင်း အဝေးသင်ဆက်ဖြေသည်…။ စိန်ပိုးတီက ကလေးတစ်ယောက် မွေး ပထမနှစ် နား… ဒုတိယနှစ်မှာ နှစ်နှစ်နေရတာ ဒုတိယမြောက်ခလေး မွေးနေလို့  …. မိုးမိုးကြီးမှာ မြေးတွေကို ပြေးကြည့်/ခေါ်ထိန်း ပြုစုစောင့်ရှောက်ရသည့် အလုပ်ပိုလာသည် ..။အငယ်မက ရိုးရိုးသိပ်ပံဘွဲ့ ပဲ ရခဲ့သည် … ထို့ နောက် လှည်းကူးတွင် ဆရာဖြစ် ဘွဲ့ လွန်ဒီပလိုမာ ဆက်တက်ပြန်သည် … ။ မိုးမိုးကြီးတစ်ယောက် ခါးချိသည် …….။ ကျွန်တော့်လစာလေးက မဖြစ်စလောက် ……….။အရမ်းလှိုင်းတွေ ထန်နေတဲ့ကာလ …။အငယ်ကောင်က သုံးဘာသာ ဂုဏ်ထူးရသည် ..။ အံ့လေစွ ..။မောင်နှမတွေထဲမှာ သူက ပေတူး …….။ ရေကြောင်းတက်ကသိုလ် တက်သည် … ။ Bar ကိုညနေပိုင်းဆက်တက်လိုက်သေးသည် (Bar သင်တန်းကိုတော့ ပထမနှစ်နဲ့ ရပ်လိုက်သည်) ….။ ပညာရေးတွေ ပရဘွဖြစ်နေတဲ့ သားသမီးတွေရဲ့  လိုအပ်ချက်ကို အလျင်မှီစေဖို့  မိုးမိုးကြီး ဘယ်လိုအင်အားတွေ ရယူခဲ့ရသလဲ ……။ အချိန်ပြည့် ဘုရားရှေ့ မှာ …..။ ရွှေပြည်သာစက်မှုစုန်ကြီး မလည်ပတ်နိုင်တော့ အလုပ်သမားတွေ တရပ်ဆင်း သုံးရက်နားကနေ …. အစတွေပျောက်ကုန်သည် ….။ပေးထားသည့် လပေးဆန်ကြွေးတွေလည်း အတော်တော်များများထံမှ ပြန်မရဘဲ အရင်းပြုတ် …။ ဟင်းစားဖို့ တောင် ခက်ခဲလာတဲ့ ဇနပုဒ်လို ဒေသမှာ ပဲပြုတ်တဆယ်သား 100 ဘယ်သူက ပေးဝယ်စားနိုင်မလဲ …။ မနက်အစာပြေ မစားကြတော့ဘူး ..။ အပိုမပြောဘူး ကိုယ်တွေ့ လေ …….။နေမြင့်ထိ ရောင်းမကုန်လို့  ရင်းနှီးသူတွေကို အကြွေးနှင့်ထိုးကြိတ်ရတာတောင် တောင်းတောင်းပန်ပန် ……။အိမ်ပြန်ရောက်ရင် ဈေးတောင်းခေါင်းကချ … ညစ်ထေးထေး ဗလာစာအုပ်ထဲ အကြွေးစာရင်းတွေ ချရေးပြီး … ဘူးထဲက ပိုက်ဆံလေးတွေ တုန်တုန်ယင်ယင်ထုတ်ရေစဉ် အလိုက်မသိတဲ့ကျွန်တော်က ကွမ်းယာဖိုး 50 တန်လှမ်းနှိုက်လိုက်သေးသည် ..။( ကြုံလို့ ပြောရဦးမယ် အဲဒီပိုက်ဆံဗူးက ကျွန်တော်တို့ မူလတန်းတုန်းက ထမင်းဗူးလေး .. ခုထိရှိတုန်း)
တကယ်ပြောတာပါ ……။ မောင်နှမလေးယောက်လုံး တစ်ယောက်တစ်မျိုးစီ ဆိုးကြပေမဲ့  မိုးမိုးကြီး ပင်ပန်းနေတာကိုတော့ မကြည့်ရက်ကြပါဘူး ..။ကျွန်တော် နေပြည်တော်စီမံကိန်းမှာ အလုပ်သွားလုပ်တော့ အိမ်မှာအတော်အခြေအနေဆိုးရွားခဲ့သည် …..။ ပဲပြုတ်ေ၇ာင်းဖို့ လုံးဝကို အဆင်မပြေလို့  စိတ်ဓာတ်ကျပြီး မိုးမိုးကြီး အိမ်တံခါးကိုသော့ခတ် အငယ်ကောင်နဲ့ အတူတူ ဆယ်မိုင်းကုန်းက သူ့ ညီမအိမ်မှာ နှစ်ပတ်ခန့် သွားနေသတဲ့  ……။(ထိုစဉ်က အငယ်မလှည်းကူးတွင် အဆောင်နေသည်)…။ ဈေးပဲရောင်းတတ်တဲ့သူမအနေနဲ့  တခြား မကြံနိုင်တဲ့အဆုံး အိမ်ပြန်ပြီး ဈေးပြန်ရောင်း ………။ ကနဦးက သုံးပြည်ကုန်တယ် ……… နောက်ပိုင်း 6လုံးတောင် အနိုင်နိုင် ……။ ဒါပေမဲ့  အကြွေးမရှိဘူး …..။ ထမင်းနဲ့ ဟင်းကို အဟာရဖြစ်အောင်စားရတယ်..။ သူမရဲ့ ရိုးသားမှုက နှိမ့်ချတဲ့စိတ်ပဲ …..။ “ငါ အစွမ်းကြောင့်မဟုတ်ပါဘူး … ဒီသေးငယ်လွန်းတဲ့ အငန်းတာ နဲ့  အိမ်စရိတ်/ကျောင်းစရိတ်/စားစရိတ်တွေ ကိုလည်ပတ်နိုင်တာ ဘုရားရှင်ဂရုဏာသက်သက်ပါပဲ” လို့ အမြဲ ၀န်ခံပြောကြားလေ့ရှိသည် ……။
မုန့် ဟင်းခါးစားချင်တယ် လို့ ပြောမိလျှင် …….. မုန့် ဟင်းခါးတပွဲ တရာ … မောင်နှမလေးယောက် ဆို လေးရာ … အမဲသားတစ်ဆယ်သား တစ်ရာ့ နှစ်ဆယ် သုံးဆယ်သားဝယ်ပြီး အားလူးနဲ့ ရောလိုက်ရင် ဟင်းဖြစ်တယ် … ဆိုတာမျိုး .. သရေစာ မစားရဘူး ..။မုန့်ဟင်းခါးကို ထမင်းလွတ် ချက်စားကြသည် ……..။ တနေကုန်စားသည် ..။ နောက်ဆုံး ချီးပန်းသည်အထိ …။ ချီးပန်းတယ်နော် … ရွာကမှာထားတဲ့ နနွင်းတက်အဆစ်ကို ကြိတ်ထားတာရှိတယ် …. ဘိုက်နာတယ်ဆိုတာနဲ့  အဲဒါတိုက်တာပါပဲ ….။ တော်ရုံနေမကောင်းရင် ပါရာသောက် …. အဖျားမကျရင် ခြေမ/လက်မကို အပ်ခြည်ကြိုးနဲ့  တင်းနေအောင်ခြည်ပြီး အပ်ကိုမီးကင်ပြီး သွေးဖောက်သည် … သွေးမဲတွေကို ညစ်ထုတ်ပြီးသကာလ … တကိုယ်လုံး ချွေးထွက်ပြီး အဖျားကျစမြဲ ….။ဘာပဲလုပ်လုပ် ဘုရားနဲ့ အစပြုသည် … (ခေတ်နဲ့ မညီဘူးပြောပြော ကျွန်တော်တို့ တွေ ဖျားရင် ဆေးခန်းမသွားခဲ့ပါ) …။ အငယ်ကောင်ကို ကွမ်းစားမယ်ဆို အိမ်မှာကွမ်းအစ်ရှိတယ် … နိုင်ငံခြားဆေးတွေနဲ့ မစားနဲ့  အိမ်မှာ ဗမာဆေးဝယ်ပြီး ကိုယ့်ဟာကိုယာစား ဆိုတာမျိုး ………။ လက်ဖက်ရည်/၀တ်ထု လုံးဝအားမပေး (အိမ်သာထဲမှာခိုးဖတ်သည် )…….။ နေ့ သွင်း/လပေး အ၀တ်အစားဝယ်တာမျိုး လုံးဝမလုပ် ..။ ချဲ /နှလုံး လောင်းကစား လုံးဝ မလုပ် ..။ မိုးမိုးကြီး အပိုသုံးတာဆိုတာဆိုလို့  ဆေးမပါတဲ့  ကွမ်းယာနဲ့  … စက်ကူပတ်မခင်သိန်း ..။ “ဒါလေးတော့ ငါဖြတ်လို့ မရလွန်းလို့ ပါ “ လို့ ပြောတော့ အရမ်းသနား သွားမိသည် ..။
ဘ၀ အပူပင်တွေမည်သို့ ပင် များစေကာမူ “နင်တို့ အမေက အရမ်းရယ်စရာပြောတတ်တာပဲ” ဟု လူတိုင်းက ပြောသည် … ။မိုးမိုးကြီးက သူ့ အပေါင်းသင်းတွေနဲ့  တွေ့ ရင် ရယ်သံကိုညံနေတာပါပဲ …..။ ကျွန်တော်တို့ ရဲ့  သူငယ်ချင်းတွေလာရင်လည်း စားစရာချပေးရကောင်းမှန်းမသိဘူး အသားကုန်စကားတွေပြော/စပ်စုတော့တာပါပဲ …..။အိမ်ရောက်ဖူးသော ကျွန်တော်တို့ ရဲ့ သူငယ်ချင်းအားလုံးကလည်း မိုးမိုးကြီးဆို ခင်ပြီးသား ..။အနုအရွ မသုံးဘဲ ဘွင်းဘွင်းပြောတတ်လို့  အိမ်ကို တော်ရုံသူငယ်ချင်းတွေ မခေါ်တတ်တာ မောင်နှမတွေ အားလုံးတူသည် ..။
ပျဉ်းမနားတဖြစ်လဲ နေပြည်တော်မှာ ကျွန်တော် ဒုက်ခတွေပင်လယ်ဝေခဲ့သည် …..။ မိုးမိုးကြီးကို ဈေးရောင်းနားစေချင်လို့  အပြင်အလုပ်လေးလုပ်မိသည်။ ကုမ်ပဏီလစာက 32000/- ကိုယ်တစ်ယောက်တောင်အနိုင်နိုင် ..အိမ်ကိုလစဉ်မေ၇ာက် .. အစေားအသောက်ကဆင်းရဲ … နတလကို စာရင်းတင်တော့ ကျွန်တော့်တို့ လစာက တသိန်းကျော်တွေတဲ့ ….။ ချမ်းသာသွားတာကတော့ ပရောဂျက်အင်ဂျင်နီယာ နဲ့  တချို့ ချို့ သော သဌေး/ဒါရိုက်တာရဲ့ သောက်မျိုးတွေ ……..။ ထားပါလေ ..။သဲကန်ထရိုက် 10ယောက်လုပ်တာ ကိုးယောက်မြတ်တယ် ..။ကျွန်တော်ရှုံးတယ်..။တပြားမှကို ပြန်မရ .. ငွေလည်းဆုံး ပစ်စည်းအားလုံးဆုံး ..။ ကျန်းမာရေးကလည်း ချို့ တဲ့လာ တော့ အကြွေးတွေသိန်းချီပြီး ဗျာများနေတဲ့ ကျွန်တော့ိကို မိုးမိုးကြီး က ပြန်လာခဲ့ပါတော့။ အဲဒီကုမ်ပဏီကို သံယောဇဉ်ဖြတ် … အဲဒီနေရာမှာ အချိန်မဖြုန်းနေပါနဲ့ တော့တဲ့ …….။ ဒါကြောင့်အိမ်ကို အရှုံးတွေနဲ့  ပြန်လာတော့ စိန်ပိုးတီက ဒုတိယကလေးနဲ့  ………… သူ့ ကလေးတိုင်းကို ကျွန်တော်ပဲနာမည်ပေးသည် …။
အဲဒီတကြိမ်အိမ်ပြန်လာတာ ဘ၀မှာ စိတ်အချမ်းသာဆုံးပါပဲ ……။ စိန်ပိုးတီပြောလိုက်တဲ့စကားတခွန်းက ကျွန်တော်ရင်ကို လှုပ်သွားသည်…..။ “မိုးမိုးကြီးတစ်ယောက်လည်း သနားပါတယ်.. နောက်လကစပြီး ဆန်တအိတ်လောက်တော့ထောက်နိုင်အောင် ကြိုးစားမယ်”တဲ့ …….။မိုးမိုးကြီး ကို အငြိုငြင်ဆုံး မိန်းခလေး ………..လေ။ “ ငါ့ သားလေးနှစ်ယောက်လုံးကို ငါသိပ်ချစ်တာပဲ ကိုကိုးကြီးရယ် … ငါသူတို့ ကို ခဏလေးတောင် မခွဲနိုင်ဘူး ..။မိုးမိုးကြီးဘာပြောပြော ပြန်ခံပြောချင်စိတ်လုံးဝမရှိတော့ဘူး … သူစိတ်ချမ်းသာရင်ပြီးတာပါပဲ .. ငါလေ .. ၀ဋ်လည်မှာအရမ်းကြောက်တာပါပဲ …။ ငါ့သားတွေ ငါ့ကို မချစ်မှာ ငါအရမ်းစိုးရိမ်တယ် …….” .. ။ ဘုရား ဘုရား …..။ “ကိုကိုကြီးရေ မိုးမိုးကြီးက ခုဆို စိန်ပိုးတီက သားသမီးတွေထဲမှာ အတော်ဆုံးတဲ့ … တော်မှာပေါ့ သူ့ သမီးလာရင် အအေးဗူးနဲ့ ဂျိုကာ ဆွဲလာတာကို; …ဘယ်တော့မှလက်ဗလာနဲ့ မလာဘူး … ၀င်ငွေမရှိတဲ့ ရွှေငြိမ်းတို့  က မျက်နှာငယ်တယ် သိလား” …. အငယ်မက စကားနာထိုးရသည်အထိ …။ဒါပေမဲ့ တူနှစ်ကောင်ကြောင့်လား … အိမ်ထောင်ပဲကွဲသွားလို့ လား … သိပ်ချစ်နေကြတာကိုတွေ့ ရသည် ..။ အငယ်ကောင်ဆို ခလေးတွေကို သွားလေရာချီသွားလို့ သူ့ ဆိုချစ်မှချစ် ..။ မိုးမိုးကြီး ကတော့ ပြုံးနေတာပါပဲ ..။
ဈေးရောင်းမပျက်ပါဘူး …..။ ဘုရားကိုပိုတိုးပြီးဆက်ကပ်သည် ……။ “သူတလူငါတမင်းဖြစ်နေတဲ့ နင်တို့ တွေကို ငါဘယ်လို ကိုင်တွယ်ရမယ်မသိပါဘူး …… ငါအားလုံးအတွက် ဘုရားလက်ထဲအပ်ပြီး ဆုတောင်းပေးတယ် ……..” .. ။ တခါတလေတော့ သူ့ မြေးကို ထိန်းရင်း ဒီကောင့်ဆို ဦးသိန်းတန်ကြီး ဘယ်လောက်တောင်ချစ်လိုက်လေမလဲ ………. ပါပါကြီး အချစ်ဆုံးရွှေငြိမ်း ဆရာမ ၀တ်ဆုံနဲ့ အလုပ်စဆင်းတဲ့နေ့ က နင့်တို့ အပါးသာသိရင် ..သူ့ ကို မြင်စေချင်လိုက်တာ….ဆိုပြီး တမ်းတတလေးညည်းတာ ကြားဖူးသည် .. ( ပါးပါကြီးရဲ့ အမေ/အဒေါ်/ညီမတွေက ကျောင်းဆရာမတွေ မို့  ဆရာမအလုပ်ကို သူသဘောကျသည်) …။
ပျဉ်းမနားပြန်ကြီးကျွန်တော်က MICT PARK ထဲရှိ ကုမ်ပဏီတစ်ခုတွင် Contract နဲ့ အလုပ်ဝင်..။အငယ်မက ဆရာမစဖြစ်သည် ..။စေလိုရာစေ ဆိုပေမဲ့  အမေ့ရဲ့ ဆုတောင်းသံဘုရားသခင်နားညောင်းသည် …။ ကိုယ့်မြို့ ကိုယ်ရွာတွင်ပင် ပြန်ကျသည် ..။အငယ်ကောင်က ကျောင်းတက်ရင်း ညဘက် မှာ ဆယ်တန်းခလေး တွေကိုစာသင်သည် …(ခုခေတ်စားနေတဲ့ Guide ဆိုလား) … ။ မိုးမိုးကြီးကတော့ ပဲပြုတ်ရောင်းဆဲ……….။
MICT ကအလုပ်က ရှစ်လနဲ့ ပြီးသွားသည် …။အလုပ်လက်မဲ့ဖြစ်သွားတဲ့ကျွန်တော် …….. စင်ကာပူကို မျက်စိမှိတ်ပြီး ဘုရားကိုသာပုံအောအပ်နှ့ ပြီး အလုပ်ရှာဖို့  ထွက်လာခဲ့သည် …….။ ဘယ်မလဲ ပိုက်ဆံ …….။ တသက်လုံးမခြည်းမငှားလာတဲ့ မိုးမိုးကြီး ……..။ ပျဉ်းမနားမှာ လုပ်ငန်းရှုံးလို့  တပြားမှ ပြန်မဆပ်နိုင်တဲ့ကျွန်တော်အတွက် ဘယ်သူက ငွေထုတ်ပေးနိုင်မှာလဲ ………။ တချိန်လုံး ဘုရားရှေ့ ဒူးထောက်နေတဲ့ မိုးမိုးကြီး ကျမ်းစာစင်အောက်က အိမ်ဂရမ်လေး ဆွဲထုတ်ပြီး ကျွန်တော့်လက်ထဲ ငွေပုံ ပေးရှာသည် ………။ ဈေးမေ၇ာင်းပဲ နားပါတော့ လို့ ဖုန်းနဲ့  အတန်တန်မှာပေမဲ့  မရ …သူများအကြွေးတွေ အားလုံးကြေမှတဲ့လေ …။ အငယ်တွေ ၀ိုင်းပြောလည်းနားမ၀င် …..။ သုံး/လေးလ အလုပ်ဝင်ပြီးနောက်မှ ပြောလိုက်သည် ……… “ဒီမှာအလုပ် လုပ်ရတာစိတ်မချမ်းသာဘူး …….. မိုးမိုးကြီးဈေးရောင်းနေသရွေ့  ဒီမှာလည်း အမင်္ဂလာဖြစ်တယ် အဆင်ပြေမှာမဟုတ်ဘူး” လို့  ပြောမှ နားသည်……။
အခုထိလည်း နမ့် မေးလေ တစ်ယောက် မနားရသေးပါဘူး ………..။ နေ့ စဓူဝ ရင်တမမနဲ့  အလုပ်ဘယ်နေ့ ဖြုတ်ခံရမလဲ ကြောင့်ကြနေရတဲ့ ကျွန်တော့်အတွက် တနေ့ ငါးကြိမ်(အနည်းဆုံး) ဘုရားရှိခိုးပေးရတယ် …။ ကျောင်းဆရာမကြီးအတွက် ထမင်းဗူးလှလှလေး ပြင်ပေးရမယ် ..။ နောက်ဆုံးနှစ်ကျောင်းသားကြီးအတွက် အိမ်ကြီးမီးပူထိုးပေးနေရမယ် …။ ထိုအရာတွေထက် ပင်ပန်းတာကတော့ … စိန်ပိုးတီရဲ့ ကလေးနှစ်ကောင်းကို ခဏခေါ်ထိန်းပေးရဦးမယ် …။(ခလေးမွေးလိုက် ကျောင်းတက်လိုက်နှင့်  နောက်ဆုံးနှစ်ရောက်မှ အဝေသင်သို့ ပြောင်းလိုက်သည့် စိန်ပိုးတီ နောက်တဗိုက် ရပြန်ပြီတဲ့လေ ………..)….။
မိုးမိုးကြီးက သားသမီးတွေ အားလုံးကို ပညာသင်ပေးပြီးပြီ ……..။ရှိသမျှအကြွေးတွေ အားလုံးကျန်ခဲ့တဲ့လက ကြေသည် …….။ အိမ်ပေါက်စေ့ တီဗီ ရှိပေမဲ့  ကျွန်တော်တို့ အိမ်မှာတော့ အသံမြည်တာဆိုလို့  ပီပီ တောင် မရှိခဲ့ ဘူး …..။ အခုတော့ အားလုံး ရှိနေပြီတဲ့ ….. အုတ်ကန်လေးနဲ့  ဆယ်နှစ်ရာသီပျက်တဲ့ တုတ်ကင်အိုလေးကို မော်တာတပ်လိုက်သတဲ့ ……….။ ဒီလပဲ အိုးအိမ်က အိမ်ဆောက်ခွင့်ကျလို့  တိုက်အိမ်လေး စဆောက်နေပြီတဲ့ ……….. စင်ကာပူလို နေရာေ၇ာက်မှ ကတီပါ ဖိနပ်ကို အမွှေးတွေ ဖွှာလန်ကျဲအောင် စီးဖူးသည် … ဖုန်းက အိန်ဒရိယ အလုပ်သမားတွေကိုင်တာလောက်တောင် ရုပ်မရှိ …. ဂဏန်းတွေ ပျက်နေပြီ … ဖုန်းဆိုင်ရှေ့ က ဖြတ်တိုင်း Nokia N96 လေးကို တစ်မိနစ်ခန့်  ငေးမိသည် ..။ လစဉ် လှူရမဲ့ အလှူငွေ နဲ့  အိမ်ကို မဖြစ်မနေ ပို့ ရမှာတွေရှိနေတော့ …. ဆန်ဒတွေ ဈေးပေါင်ကျိုးကုန်သည် ………။ဒါပေမဲ့ မိုးမိုးကြီးရဲ့ အသက်တာကို ပြန်တွေးလိုက်ရင် ကိုယ်စတေးရတာ ပါးပါးလေးပါပဲ ….။ စင်ကာပူဆိုတာ လေ နေချင်စရာကို တကွက်မှ မရှိပေမဲ့ … အမြဲနေနိုင်ဖို့  အမေကိုပဲ အားကိုးတကြီးဆုတောင်းခိုင်းနေရတယ်…။
ကျမ်းစားမှာပါတယ်……. ချစ်ခြင်းမေတ်တာကို အခြေခံတဲ့ စေတနာစိတ်နဲ့ ဆုတောင်းခြင်း သည် ကြီးစွာသောတန်ခိုးကို ဖြစ်စေ၏ ..တဲ့ ..။
ရန်ကုန်မှာနေခဲ့စဉ်တုန်းကဆို ဘုရားကျောင်းမှာ ထိုအစီအစဉ်အတွက် အားကြိုးမာန်တက် ပါဝင်နေကြ……။ မိခင်များနေ့ မှာ လက်ဆောင်ပေးကြတယ် ……။ မိုးမိုးကြီးနားမှာ နားပေါက်ဟောင်းလောင်းဖြစ်နေတာကြာပီ ………။
ရွှေငွေရတနာထက် မိုးမိုးကြီးကို အသက်ရှည်နေစေဖို့ပါပဲ … ပါပါကြီးကိုမပေးလိုက်နိုင်တာတွေ အစားထိုးပိုပေးနိုင်ဖို့  အခွင့်အရေးရချင်တာပါပဲ …။ ပညာတွေ လန်ပြန်နေအောင် မတတ်ပေမဲ့  အသိဥာဏ်ကတော့ …အခုဆိုရင် လူလေး ပန်းသီးစားတဲ့ အဆင့်က တက်လာပါပြီ မိုးမိုးကြီးရေ ……………..။
အားလုံး မိခင် တိုင်းကို စိတ်ချမ်းသာအောင်ထားနိုင်ပါစေ ……….။ သို့  … သားသမီးတွေကို စိတ်ချမ်းသာအောင် ထားနိုင်တဲ့ မိခင်/မိဘတွေ ဖြစ်ပါစေလို့  ……ဆုတောင်းပါသည် …….။




(မိုးမိုးကြီး နဲ့  အငယ်နှစ်ယောက် )


လွင်ဦး
29-4-2009
AM 2:26

Wednesday, February 11, 2009

မြင်ကွင်း

ကြားနေရတဲ့ စကားသံတွေ ဟိုတစ ဒီတစ
ကောင်းကင်တမန်ဆီကလား …….
နတ်ဆိုးဆီကလား ……….
ငါ့နားရဲ့ လက်ယာဘက်မှ စုပြုံဝင်လာကြတယ် ..
(အလုအယက်ပါပဲ)…….
ပြီးတော့ လက်ဝဲဘက်မှ ပြန်ထွက်သွားကြပြန်တယ် …………।။

မလှမ်းမကမ်းကို ငေးလို့ ကောင်းတုန်း …
မလတ်ဆတ်တဲ့ စိတ်ဝိညာဉ်ထဲမှာ
နှင်းဆီတပွင့် ကူးခတ်လာတယ် ………..
ရနံ့တွေ ပြယ်လို့ ရယ် ……………
ဒါပေမဲ့  လှနေဆဲပါပဲ ………………………॥။

အခြေအနေနဲ့  အချိန်အခါ တဲ့ …
ညည်းတွားသံတွေက ဖရိုဖရဲ နဲ့  ….
ခြေသံ၊လေသံ … အားလုံးကို လျစ်လျူရှုလိုက်ပြီ ……
ခုမှ သေချာကြည့်မိတယ် ………
ကမ်းပါးက ပြိုဆင်းလာတဲ့ မြူနှင်းတွေ သိပ်လှတာပဲ ……။ ။

Wednesday, February 4, 2009

အစွဲ

လူမျိုအသီးသီးဘာသာအသီးသီးမှအပြစ်မဲ့ညီအကိုမောင်နှမများ မွတ်ဆလင်တို့ ရဲ့
သတ်ဖြတ်ခြင်းမှကင်းဝေးကြပါစေ။
အထက်ပါ အီးမေးလ်ဖြင့် ၀ါဒဖြန့်သော အဆိုကို အပြည့်အ၀ မထောက်ခံပါ …။ ကျွန်တော့်အဖေက ဆွန်နီ နဲ့  မဂိုလ် ကဆင်းသက်တာ …။ ကျွန်တော်တို့ တမိသားစုလုံး ခရစ်ယာန် ကိုးကွယ်ပါသည် ..။ ဒီဖရုသ၀ါစာ ဖတ်လိုက်တော့ သွားလေသူ ပါပါကြီးကို သတိယမိတယ် …။ “ပါပါကြီး သေရင်ဘယ်သချုင်္ိင်းကို ပို့ ပေးရမှာလဲ” လို့  ကျွန်တော်တို့ တွေ အဖေမျက်နှာသာလေးပေးချိန်မှာ နောက်ပြောင် မေးခဲ့မိတာကို ဒီနေ့ အထိ စိတ်မကောင်းဖြစ်မိ/နောင်တ ရမိတယ် …။ အဖေကလည်းရယ် ပြီးပြန်ပြောပါတယ် “ငါ့သေရင် ကြိုက်တဲ့သင်္ချိုင်းပို့ လိုက်… ၊ လူတစ်ယောက်လုံးသေသွားမှ ဘာလိုနေဦးမှာလဲ” တဲ့ …၊၊
အဖေက အီရန်နွယ်ဖွား … လူမျိုးရေးနဲ့ ပက်သက်ပြီး .. ကုလားမုန်းတီးရေးတွေကြားမှာ သိပ်အနေမှန်ခဲ့တာ ..၊ အဖေ့က အိမ်မှာသာကြမ်းတာ (သားသမီးတွေကိုဆုံးမခြင်းကိုဆိုလိုသည်) ..။ပတ်ဝန်းကျင် မှာ သူနဲ့ ဆုံဖူး ပက်သက်ဖူးတဲ့မိတ်ဆွေအားလုံးက မှတ်ချက်ပေးတယ် …။ “ ဦးသိန်းတန်ကြီးက သိပ်ရိုးတာ …သဘောလည်းလွှတ်ကောင်း … မတရားတာလည်း ဘာမှမလုပ်ဘူး” …။အဖေ စစ်တပ်မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တယ် … ရိုးရိုးကြီးမို့ လုပ်သက်ပြည့်လို့ ပင်စင်ယူတော့ ဘာအရင်းအနှီးမှမရှိ .. စီးပွားရှာတာ မျိုးစုံ … သနားတတ်/အားနာတတ်လွန်းတော့ လှူတာပေးတာ/အလိမ်ခံရတာနဲ့  အကြွေးတင်.. အမေ့စုဆောင်းထားတဲ့ ရွှေတိုရွှေစ လေးပြောင်… နောက်ဆုံးအမေက အိမ်ဦးခန်းမှာပဲ တလှည့်အနားယူပါလို့ တောင်းပန်ပြီး ဈေးတောင်းခေါင်းရွက်ပြီး စီးပွားရှာခဲ့ရတယ်….။
အဖေ ညီကိုမောင်နှမတွေ က အစ်စလာမ် … အဖေ့ညီမ (ကျွန်တော့်ကိုနှစ်ပေါင်းများစွာ မွေးစားစောင့်ရှောက်ခဲ့သူ)က လွဲရင် ကျန်တာတွေအားလုံး အစ်စလာမ် … ကျွန်တော့်မွေးစားအမေ ကတော့ ဗုဒ္ဓဘာသာကိုလေးလေးနက်နက် ကိုးကွယ်သူ ..။ ငယ်စဉ်ကတည်းက အိပ်မက်တွေမက်တယ် ..10 တန်းအောင်တော့ အိမ်ပေါ်ကဆင်း .. အလုပ်ဝင်လုပ် ရင်းကျောင်းတက် ပြီး မိခင်ကို အဝေးကပဲ ထောက်ပံ့သူ (ဘာသာပြောင်းလိုက်ရ်ျ ) …။ကျန်သော ဦးလေး ၊အဒေါ်တွေ ဘုရားကိုင်းရှိုင်းတာ ..လူကြီးမိဘ ရိုသေတာ ..မျက်မြင်ပဲ … ဘက်မလိုက်တမ်းပြောရမယ်ဆို ရင် အထက်အောက် စကားပြောယဉ်ကျေးမှု/လေးစားမှုကို အစ်စလာမ်ဘာသာမှာ အများဆုံးတွေ့ ဖူးတယ် ..။ကျွန်တော် လူဖြစ်စက ထိုဦးလေး/အဒေါ်တွေလက်မှာကြီးတာ …။ကျွန်တော်ညီမကို ဆဲမိလို့  နောက်တခါဆို ပါးစပ်ကိုအပ်နဲ့ဖောက်မယ်လို့ ကျိန်းတယ် ..ဗျင်းလိုက်တာလည်း အသကုန် .. နောက်ပိုင်း ဆဲရေးတိုင်းထွာမှုကို မသုံးမိအောင် လေပြေနဲ့လည်းသွန်သင်တယ် … လူကြီးသူမရှေ့ မှာ စောက်လို့ တောင် မထွက်မိစေဘူး … ဖေ/မအေကတော့ ဝေးရော … (ခုအသက်ကြီးမှ သနတ်သံတဒိုင်းဒိုင်းကြားတော့ ဆဲချင်ချင်) ….အဲဒါ မွတ်စလင် အဒေါ်ရဲ့ သွန်သင်မှု ….။နောက်ပိုင်းနဲနဲသိတတ်တော့ ဗုဒ္ဓဘာသာအဒေါ်လက်ထဲရောက်ရပြန်တယ် … လူပျိုပေါက်ဖြစ်လို့  ဆင်ခြင်ဆုံးဖြတ်ရဲလာတော့ ခရစ်ယာန် အမေနဲ့အဖေ ဆီပြန်ရောက်ပြန်တယ် … (ကျွန်တော့်ကို မွေးစားသော ကျေးဇူးရှင်များ စီးပွားရေးအင်မတန်ကျဆင်းပြီး မကျွေးနိုင်ချိန် ) ..။
အဖေရဲ့ မှတ်ပုံတင်မှာ အစ္စလာမ် … အဖေဘာကိုးကွယ်သည် ကျွန်တော်တို့ မသိခဲ့ဘူး ..။ ဘာသာမဲ့တစ်ယောက်တယောက်တော့ မဟုတ်ပါ ..။ သူ worship လုပ်တာကိုမြင်ဖူးတယ် …။ ဒါပေမဲ့  ဘယ်ဘုရားကိုကိုးကွယ်တာလဲလို့  မှန်းရခက်နေပြန်တယ် ..။အမေကဘုရားကျောင်းသွားဖို့  ပြောတော့ ပေကပ်ကပ်လုပ်တဲ့ကျွန်တော် … မိဘ တွေကိုစိတ်ထဲက အမျက်မပြေ နိုင်လို့  ပြောသမျှအရွဲ့ တိုက်ဖို့ သာ စိတ်ကူးခဲ့တဲ့ ကျွန်တော်ရဲ့  ဆယ်ကျော်သက်ဖြတ်သန်းမှုက ပရမ်းပတာသိပ်နိုင်နေမလားပဲ …။ 6နှစ်သားတုန်းကဥပုတ်ယူတာ(ခလေးဆိုတော့ နေ့ တ၀က် ) တထွေးတပြစ်ပြစ်နဲ့ အလစ် ဗေ တေ စေ နဲ့ ပဲစခန်းရပ်သွားတယ် … သိပ်ဒုက်ခရောက်တာ .. ရှစ်တန်းမှာ မဟာစည်သာသနာရိပ်သာ (ရွှေဂုံတိုင်)မှာ ကိုရင်စည်းခဲ့တယ် .. ဘွဲ့ နာမည် က ရှင်သာသန … ပျော်လွန်းလို့ ရှင်လူထွက်ရမယ်ဆိုတော့ မျက်ရည်တောင်လည်တယ် …မှတ်ပုံတင်မှာလည်း ဗုဒ္ဓ ..။ ဘာသာရေးတွေ မတည်မငြိမ်နဲ့ တကွဲတပြားဖြစ်ပြီး ဂျစ်ကန်ကန်နိုင်တဲ့ ကျွန်တော်တို့ အကြီးနှစ်ယောက် မိသားစု ပြန်ဆုံချိန်မှာ မတူညီမှုတွေနဲ့  အိမ်တွင်းရေးမသာယာတာ နေ့ စဓူဝ..။ အမေ့သောကတွေအတွက် အဖေက ပြောတယ် .. ဒီနေ့ အထိနားထဲက မထွက်ဘူး ..။ သားကြီး (အဖေ အဲလို ခေါ်ခဲတယ်)… ဘာသာရေးဆိုတာ ဘိန်းပဲ …။သမိုင်းဆိုတာ လူတွေ ရေးတာ … လူတွေရေးတဲ့သမိုင်းမှာ လူတွေရဲ့ စိတ်ကူးတွေ၊အတ်တတွေ နဲ့  အမှန်တရားဆိုတာ တွေ့ ဖို့ ခက်တယ် ..။ ဘယ်ဘာသာကမှ မကောင်းတာလုပ်ဖို့  မသွန်သင်ပါဘူး …။ အမေ့မျက်ရည်ကြောင့်တော့ မဟုတ်ဘူး …။ ကျွန်တော်ကိုယ်တိုင် မြည်းစမ်းတယ် ..၊ ကျွန်တော်သိခဲ့ဖူးတဲ့ ဘာသာတွေနဲ့ ခံစားကြည့်တယ် .. မနှိုင်းယှဉ်ပါဘူး ..
ကျွန်တော် ပထမနှစ် တက်ခါစမှာ အဖေကင်ဆာဖြစ်တယ် … အိမ်မှာလေ ဆရာတွေခေါ်ပြီး ဘုရားရှိခိုးရင် မီးဖိုချောင်မှာ ပရိသတ်စားဖို့ ချွေးတလုံးလုံး မညည်းမညူချက်ပေးရှာခဲ့တဲ့ အဖေ… တရားဆိုတာ နားမ၀င်အားခဲ့ဘူး …. သူ့ နေကို သိနေတော့ ၀ိုင်းပြီးပြတ်သားခိုင်းကြပြီ … သားသမီးတွေ အနေမခက်ဖို့  သူကိုးကွယ်မှုကို မြိုသိပ်ထားတယ်…(ဆွယ်ဖို့ နေနေသာသာ)…။ ဆာလံကျမ်းနဲ့  သူရဲ့ နောက်ဆုံးအချိန်တွေကို ဖြတ်သန်းခဲ့တယ်… ဆရာတွေက နှစ်ခြင်းပေးလို့ မဖြစ်နိုင်လို့  ဒုတိယအကြိမ်မွေးဖွားခြင်းအတွက် ရေဖြန်းပေးလိုက်တယ် … အဖေက လုပ်မဲ့လုပ်တော့လည်း လန်ထွက်နေတာပဲ … တိုင်ကီထဲကရေကို စတီးခွက်နဲ့  born again ပေါ့ … ဒါတွေက ပြယုဒ်တွေပါ … သူ့ ရင်ထဲမှာ ခရစ်တော်ကို သိကျွမ်းခြင်းနဲ့  လက်ခံယုံကြည်ခြင်း လေးကပ်သွားတော့ မိသားစု ပေါင်းသွားပြီ … တလုံးတ၀ဖြစ်သွားပြီ … တခါမှမတည့်တဲ့ မောင်နှမလေးယောက် ကျမ်းစာအလှည့်ကျ ဖတ်ပေးရင်း မသိမသာ နွေးတွေးမှုက ကူးစက်လာတယ် … ခုနေများ ကျွန်တော့်တို့ မောင်နှမတွေလောက်ချစ်တာ ရှိဦးမလား ……..။အဲဒါ မွတ်စလင် အဖေတစ်ယောက်ရဲ့  အကြမ်းမဖက်တဲ့ အသက်ရှင်မှုပဲ ..ဘ၀ကူးတာတောင် တသက်လုံးစိတ်ဓာတ်ရေး ယိုင်နဲ့နေတဲ့.. ချစ်ဖို့ မေ့နေတဲ့မောင်နှမပေါက်စလေးတွေကို အမေနဲ့တသားတည်းဖြစ်စေခဲ့တယ်။ အဖေက အမေ့ကို ချစ်တယ် လို့  မပြောဖူးဘူး …။ဒါပေမဲ့  သိပ်ချစ်တတ်တာပဲ …။ခုနောက် ကျွန်တော်တို့ ကြောင့် အမေ ပျော်နေတယ်လေ …….။
ကျွန်တော်က ခံစားချက်ကို အသားပေးရပ်တည်တဲ့ကောင် … ဖီလင်မလာရင် ရေတောင်မသောက်ဘူး ဆိုတာမျိုး ………။ တိုတိုပြောရရင် ယေရှုက ကျွန်တော့်နှလုံးသားကို ဆွဲစုတ်ပြစ်လိုက်တာပဲ … ။ တသက်လုံးကိုယ်မှန်တယ် ..၊ ကောင်းတာလုပ်ရင်ကောင်းတာပဲ ဖြစ်မှာပဲ …ကံငါးပါးလုံရင် ပြီးတာပဲလို့  တယူသန်ခဲ့တာတွေ မှားသွားပြီး … ခရစ်တော်ကို ရပြီးမှ ကျွန်တော်ဘယ်လောက်အပြစ်များတဲ့သူဆိုတာ စမ်းစစ်လာနိုင်တယ် .. ကံငါးပါးခြုံလို့ မလုံတာ ဘာလဲ … စိတ်ဆိုတဲ့ အတွင်းရန်သူ … သောကတွေနဲ့  ခိုးကိုးရာမဲ့ခဲ့တယ် .. ခွင့်မလွှတ်နိုင်မှုတွေ နာကျည်းနေတာတွေ .. မွတ်သိပ်ခဲ့တာတွေ … ပင်ပန်းခဲ့တာတွေ..ဘ၀ရဲ့အမောတွေ .. သခင်နဲ့ တွေ့ တော့ ငြိမ်းချမ်းလာတယ် … ရိုးရိုးလေးပါပဲ ..။
ပုဒ်မ/ပုဒ်ထီးတွေ အများကြီးမရှိဘူး …. မေတ္တာတရားပဲ .. ပညတ်ချက်က ဘုရားသခင်ကို ချစ်ရမယ် .. ကိုယ်နဲ့စပ်ဆိုင်သူကို ကိုယ်နဲ့ အမျှချစ်ရမယ် … ။ချစ်ချင်းမေတ္တာခြုံမှ လုံတာလေ …။ ကျွန်တော် 18 နှစ်ပြည့်နောက်နေ့မှာ နှစ်ခြင်းမင်္ဂလာခံယူခဲ့တာ ဘယ့်သူပရောဂမှ မပါဘူး …။ သေသည့်တိုင်အောင် ခရစ်တော်နဲ့ ခရီးဆက်လျှောက်မယ် ..။
ကျွန်တော်ပြောချင်တာက ဘာသာကြီး သုံးခုထဲမှာ ကျင်လည်ခဲ့တဲ့ကျွန်တော်က ဘာသာရေးပုတ်ခတ်တိုက်ခိုက်မှုတွေကို မနှစ်မြိုသလို … အဖေလူမျိုးခြား ..အမေတိုင်းရင်းသူ ကရင် မှဆင်းလာသူမို့  လူမျိုးခွဲခြားမှုကိုလည်း သဘောမကျပါ ..။ကျွန်တော်မျိုးမစစ်ပါဘူး … ဒီတော့အမျိုးစစ်သောသူများ ကိုယ့်အမျိုးကိုကာကွယ်ပေးပါ …။အထူးသဖြင့် ကျွန်တော်ကျင်လည်ခဲ့သော ဘာသာသုံးခုမှ ကျွန်တော်အမျိုးများသည် သူတို့ ဘာသာကို ၀တ်ကျေတန်းကျေ ကိုးကွယ်မှု..၊ အစားရချောင်အောင်ကိုးစားသူများမဟုတ်ဘဲ အမှန်တကယ် လေးစားကြည်ညို စွာ သက်ဝင်ယုံကြည်သူတွေမို့  သူတို့ ရဲ့ အသက်ရှင်မှု.. သူတို့ ရဲ့ အကျင့်နဲ့ ပေါင်းသင်းဆက်ဆံမှု … စိတ်နေစိတ်ထား နှင့်ပုံသက်သေများကြောင့် ကျွန်တော် ထိုဘာသာဝင်များကို ဘယ်လို မှအပြစ်မြင်စရာ /မုန်းတီးစရာ အဖြစ်မမြင်မိပါ ..။မိုဟာမက်ဘာတွေသွန်သင်လဲ … ကျွန်တော့် ဦးလေးတွေ ..အဒေါ်တွေ မိဘကိုရိုသေလိုက်တာ .. သူတို့ လေ စီးပွားလုံးဝပျက်တဲ့အချိန်မျိုးမှာ စားဖို့ တောင်ခက်နေချိန်မှာ သူတို့ အမေအတွက် ဘုရားရှိခိုးပေးတာ/လှူဒါန်းပေးတာ တနှစ်မပျက်ဘူး … ။လူသတ်မှုတော့မသိဘူး လူတောင်မရိုက်ဘူး …။ဆုံးသွားတဲ့ဦးလေးကတော့ ငယ်စဉ်က လက်သံပြောင်သတဲ့ (ရပ်ကွက်ထဲမှာသွန်သင်ရခက်သော လူငယ်တွေ သူကို့ လေးစားကြောက်ရွံ့သည်) ..။ မနက်ဖြန်စားဖို့ မကျန်မှာကို မတွေးဘူး … လိုနေတဲ့သူတွေ့ ရင် သူတ၀က် ကိုယ်တ၀က်ပဲ …။ ငယ်စဉ်က ပတ်ဝန်းကျင်မှာ ကုလားမုန်းတယ်ဆိုတဲ့အသံမကြားစဖူး ..။ ကျောင်းရောက်တော့မှ ကြားလိုက်ရတာ ..ကြွတ်ကြွတ်ညံ ..အဲဒီကုလားမင်းကို ဘာတက်လုပ်လို့ လဲမေးတော့ ဖြေစရာမရှိဘူး … ကြားဖူးနားဝနဲ့ လွှတ်မုန်းနေတာ ..။ စစ်ပွဲတွေဖြစ်တာ မိုဟာမက်ကြောင့် မဟုတ်ဘူး … ။ လူတွေရဲ့  မေတ်တာတရားခေါင်းပါးမှုကြောင့်ပဲ ..။ မိုဟာမက်မှားတာကို သွန်သင်တယ်ထားပါ … ရင်ထဲမှာ မေတ္တာတရားကိန်းအောင်နေမှတော့ လူသတ်ဖို့ မပြောနဲ့  လူတောင်ရိုက်ရက်ပါ့မလား ………။
ကိုယ်လူမျိုး … ၊ ကိုယ့်ဘာသာ ..၊ ကိုယ့် ယဉ်ကျေးမှု .. ဒါတွေက အစွဲတွေပါပဲ ..။ဒါပေမဲ့  လူမှန်ရင် ဒါတွေကို စောင့်ထိန်းရမဲ့  တာဝန် (ဘယ်သူမှမပေးပါ) ကရှိနေပြန်တယ်..။ ဒါကြောင့် ဗုဒ္ဓဆုံးမတဲ့ အလယ်အလတ်လမ်းစဉ် နဲ့  ခရစ်တော်ရဲ့  ရန်သူကိုတောင်အသက်ပေးချစ်ရဲတဲ့ မေတ္တာတရားနဲ့  ကြည့်ရင် အားလုံးအကောင်းမြင်လာမှာပါ ..။
ကိုယ့်ဘာသာကို ကိုယ်လေးစားတယ် …ဆိုရင် ကိုယ့်ဘာသာရဲ့ သွန်သင်မှုအတိုင်း ပုံသက်သေကောင်းကောင်းနဲ့  အများရဲ့ ရှေ့ မှာအသက်ရှင်မယ် … ပြီးတော့သူတပါးကို မပုတ်ခတ်ဘူး …မတားဆီးဘူးဆိုရင် အဲဒီဘာသာကိုလေးစားလာမယ် …အဲဒီဘာသာကိုးကွယ်သူကို ချစ်ခင်လာမှာပါပဲ …….။ သင်းအုပ်ဆရာကိုပဲဖြစ်ဖြစ် … ဘုန်းကြီးကိုပဲဖြစ်ဖြစ် ကိုယ်က သေနတ်နဲ့ ပစ် ..၊ ရိုက်နှက်ပြီး ဇာတ်တူသားစားနေလို့ ကတော့ သူများက လက်ခမောင်းခတ်မှာပေါ့ ..။ ကိုယ့်အိမ်က မိဘနဲ့ အဆင်ပြေနေတဲ့သားသမီးကို ဘယ်အိမ်က လာပြီးစော်ကားရဲမှာလဲ ..။ စစ်မှန်တဲ့ ယုံကြည်စိတ်နဲ့ အသက်ရှင်ကြည့်စမ်းပါ …။ လူသေသွားရင်တောင် အဲဒီလူရဲ့ စိတ်နဲ့ ဝိညာဉ်ကို သတ်လို့ မရပါဘူး ..။
လူအချင်းချင်း ချစ်နိုင်ကြပါစေ …။